File:သျှမ်းကိန္နရာ ကိန္နရီအက.jpg

သျှမ်းကိန္နရာ_ကိန္နရီအက.jpg(720 × 481 pixels, file size: 167 KB, MIME type: image/jpeg)

Captions

Captions

Add a one-line explanation of what this file represents

Summary edit

Description
မြန်မာဘာသာ: သျှမ်းကိန္နရာ ကိန္နရီအကအကြောင်း

________________________

" သျှမ်းကိန်နရာ ကိန်နရီ "

  ကိန္နရာ ကိန္နရီ ဟာ သျှမ်းမ်းလူမျိူးတို့ရဲ့ အမျိူးသား 

လက္ခဏာအမှတ်သားတစ်ခုဆိုလည်းမမှားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သျှမ်းလူမျိူးတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွင် အစဉ်အလာကြီးမားစွာ တည်ရှိခဲ့သော ကိန္နရီ ကိန္နရာအကကို မဖော်ပြလျှင် ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။

 ကိန္နရာ ကိန္နရီ၏ သွင်ပြင်လက္ခဏာကို ဖော်ပြရလျှင် -

(၁)ရွှေရောင်အဆင်းရှိပြီး အတီး အမှုတ် အက အခုန် ကျွမ်းကျင်သည်။ (၂)သိမ်မွှေ့နူးညံသည့် အမူအရာရှိသည်။ (၃)ပန်းဝတ်မှုံ ဝတ်ဆံများကိုသာ စားသည်။ (၄)ပသာဒငါးပါးနှင့်ပြည့်စုံသည်။ (၅)ဘုရားပွင့်သည့်နေ့တွင် ဝမ်းသာရွှင်မြူးစွာ ကခုန်သည်။

 စသည်တို့ဖြစ်သည်။
   အထက်ပါလက္ခဏာငါးချက်မှာ မြန်မာ့ရိုးရာနှင့် သင့်တင့်ညီညွတ်မှုရှိသလို ဘုရားဟော ဇတ်တော်များနှင့်လည်း ကိုက်ညီမှုရှိသည်။

"ကိန္နရာ ကိန္နရီ အက စတင်ခဲ့ပုံ "

  မြတ်စွာဘုရားရှင်သည် တာဝတိံတာ နတ်ပြည်တွင် ဝါတွင်းသုံးလ ကာလပတ်လုံး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်ညတွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကာဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည်။ ထိုသို့ဆင်းသက်တော်မူရာ၌ လူ နတ် ဗြဟ္မာ သတ္တဝါမကျန် မြတ်စွာဘုရားရှင်အား လာရောက်ဦးညွတ်ပူဇော်ကြသည်။ 
     ထိုသို့ ဘုရားရှင်အား လာရောက်ပူဇော်ကြသည့် သတ္တဝါအပေါင်းတို့တွင် လှပကျော့ရှင်း ဖော့ယမင်းကဲ့သို့ 

သွဲ့ပြောင်း နွဲ့နှောင်းသော ကိန္နရာ ကိန္နရီ တို့လည်း ပါဝင်ကြသည်။ ကိန္နရာ ကိန္နရီ တို့သည် မြင့်မိုရ်တောင်မှ ဆင်းသက်လာကြသည်။ လူတစ်ပိုင်း ငှက်တစ်ပိုင်းပင်ဖြစ်သော်လည်း အခြားသောသတ္တဝါများထက် လှပနွဲ့နှောင်းစွာ ပူဇော်ကန်တော့ကြသည်။ ကိန္နရာ ကိန္နရီငှက်တို့ မြတ်စွာဘုရားရှင်အား ယဉ်ကျေးသိမ့်မွေ့စွာ ပူဇော်ကန်တော့ပြီး ကခုန်မြူးတူးက မြင့်မိုရ်တောင်သို့ ပျံတက်သွားကြတော့သည်။

  မြတ်စွာဘုရားရှင်အား လာရောဖူးမြော် ကန်တော့ကြသည့် ပရိသတ်များမှာ ကိန္နရာ ကိန္နရီ တို့၏ လှပဆန်းသစ်သော 

အမူအရာနှင့် ကကြိုးကကွက်များကို မျက်စိထဲမှမထွက်နိုင်ကြသဖြင့် တသသ လွမ်းတမြေ့မြေ့ ခံစားကြရ၏။ ထို့ကြောင့် ပန်တျာနှင့်ပတ်သက်၍ ကျွမ်းကျင်သူတို့က မြင်တွေ့လိုက်ရသည့် ကိန္နရာ ကိန္နရီ ကကြိုးကကွက်များကို အတုယူပြီး လူဖြင့်အစားထိုး ကပြခဲ့ကြသည်။ ထိုအချိန့မှစ၍ ကိန္နရာ ကိန္နရီ အက စတင်ဖြစ်ပေါ်လာခဲ့သည်။

"စကြဝတေးမင်းလက်ထက် ကိန္နရာအက"

      သျှမ်းလူမျိူးတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ

"ကိန္နရာအက" ဖြစ်ပေါ်လာပုံ တစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

     စကြဝတေးမင်း စိုးစံစဉ်ကာလက ဘုန်းတန်ခိုးထက်မြက်သည့်မင်း ဖြစ်သည့်အားလျော်စွာ တစ်နှစ်လျှင်တစ်ကြိမ် လူနတ် တရိစ္ဆာန်များ လာရောက်ပူဇော်ကန်တော့ကြရသည်။ လာရောက်ပူဇော်ကြသည့် သတ္တဝါအပေါင်းတို့တွင် ကိန္နရာ ကိန္နရီငှက်တို့သည် လှပရှုချင်စဖွယ်ရှိပြီး ယဉ်ကျေးသိမ်မွှေ့သော ဟန်အမူအရာနှင့်ပြည့်စုံကြ၏။ နူးညံ့ပျော့ပြောင်းကြ၏။ အများနှင့်မတူ တစ်မူထူးခြားသည့်

ကကြိုးကကွက်များဖြင့် သီဆိုမြူးထူး ကခုန်ပျော်ရွှင်လေ့ ရှိကြသည်။ ကိန္နရာ ကိန္နရီ တို့သည် နှစ်စဉ်နှစ်တိုင်း စကြဝတေးမင်းအား လာရောက်ပူဇော်ကန်တော့လေ့ရှိရာ တွေ့မြင်ရသူတို့မှာ လွမ်းဆွတ်ကြည်နူး ရွှင်မြူးပီတိဖြစ်ကြရပြီး စွဲတသသဖြင့် ရှုမဝအောင် ဖြစ်နေကြရ၏။

      စကြဝတေးမင်း မရှိတော့သည့်နောက် မင်းအဆက်ဆက်

ပြောင်းလာခဲ့ကြရာ မင်းတို့၏ စရိုက်မတူညီကြသဖြင့် ကိန္နရာကိန္နရီ ငှက်များလည်း လာရောက်ပူဇော်ကြသည့် အစဉ်အလာမှာ ပျောက်ကွယ်သွားတော့သည်။ မိဘဘိုးဘွားများက ကိန္နရာတို့အကအကြောင်း သက်သေရှိခဲ့ပုံများ သားစဉ်မြေးဆက် ပြောပြခဲ့ရာ ကိန္နရာတို့၏ ဟန်ပန်အမူအရာဖြင့် ကကြိုးကကွက်များကို မြင်တွေ့လိုကြသည့် ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ထိုကြောင့် ဘုရင်မင်းမြတ်က တောကျွမ်းသည့် မုဆိုးကြီးအားခေါ်ယူကာ ကိန္နရာငှက်ကို လက်ရဖမ်းယူခဲ့ရန် စေလွတ်လိုက်သည်။

   မုဆိုးကြီးက ဘုရင့်အမိန်တော်အတိုင်း ထောင်ချောက်ဖြင့် ဖမ်းယူရာ ကိန္နရာငှက်ကို ရရှိခဲ့လေသည်။ ကိန္နရာငှက်သည် မုဆိုးလက်သို့ရောက်ရှိခဲ့ရသော်လည်း ရက်စက်ကြမ်းကြုတ်သည် လူသားများနှင့်တွေ့ဆုံရန် ဝန်လေးနေရှာ၏။ ထို့ကြောင့်ကိန္နရာငှက်ကို စောင့်ရှောက်ရန် သျှမ်းဘာသာဖြင့် ကွန်းခူင်(မြန်မာလို အစောင့်အရှောက်ဘီလူးခေါ် လူတိရစ္ဆာန်တစ်ဦး)ကလိုက်ပါလာရ၏။ ဤသို့ဖြင့်ကိန္နရာတို့သည် လူတို့ထံရောက်ရှိလာကြသည်ဟု ဆို၏။ နောက်ပိုင်းတွင်မူ ကိန္နရာတို့၏ ဟန်ပန်အမူအရာနှင့် 

ကကြိုးကကွက်များကို အတုယူပြီးလူတို့က ကပြခဲ့ကြခြင်းဖြစ်သည်။

"အစဉ်အလာအတိုင်း ကပြကြခြင်း"

   သျှမ်းပြည်နယ်တချို့ဒေသများတွင် အထက်ပါအယူအဆအတိုင်း ကိန္နရာတစ်ကောင် ၊ မုဆိုးတစ်ယောက် ၊ ကွန်းခူင် တစ်ယောက်တို့ ပါဝင်ကပြကြသည်ကို တွေ့ရသည်။ ကပြပုံမှာ မုဆိုးကြီးက လေးမြှားညွတ်ကွင်းများကို ကိုင်ဆောင်၍ လှည့်လည်နေဟန်၊ ကိန္နရာမှာ ကွင်းလယ်၌ ကပြနေဟန်၊ 

ထိုနောက်မုဆိုးကြီးက ထောင်ချောက်များကို ပြင်ဆင်ပြုလုပ်နေဟန် ကိန္နရာကို လေမြားဖြင့်ပစ်ခတ်ခတ်နေဟန် စသည်ဖြင့် သရုပ်ဖော်ကပြရသည်။ ကိန္နရာကို စောင့်ရှောက်ရန်လိုက်ပါလာသည့် ကွန်းခူင်ကမူ ခက်ရင်းခွ (သို့) လှံတစ်ချောင်းကို ကိုင်ဆောင်ပြီး ကိန္နရာအနီးတွင်ရှိနေရသည်။ ကွန်းခူင်သည် လူအများကြားမရောက်ရှိဖူးသဖြင့် ထိတ်လန့်နေဟန် ၊ ကိန္နရာအား လူတို့မပြုနိုင်စေရန်အတွက် ချောက်လှန့်နေဟန် စသည့်ဖြင့် ဟာရရသပေါ်လွင်စွာ လှုပ်ရှားပြသရသည်။

    ဘုရင့်အမိန်တော်အရ မျက်စိသူငယ် နားသူငယ်ဖြင့် လူပုံအလယ်ရောက်ရှိလာသော ကိန္နရာအပေါ်

ဂရုဏာစိတ်များပွားကြရသည်။ မုဆိုးကြီး၏ ကြမ်းကြုပ်ခက်ထန်မှု ဒေါသရောင်များ လွှမ်းမိုးနေသဖြင့် ရုဒ္ဒရသပေါ်လွင်ထင်ရှားစေသည်။ ကွန်းခူင်းအဖြစ်သရုပ်ဆောင်သူမှာ ကြောက်လန့်ဖွယ်ရှိသည့် မျက်နှာဖုံးကို တပ်ဆင်ထားကြသည်။ အဝတ်ကိုလည်း သျှမ်းစက္ကူများကို မွေးရှည်သဏ္ဍာန်ပြုလုပ်ပြီး ဝတ်ဆင်ထားကြသည်။ ကိန္နရာကသူအမောအပန်းဖြေနေခိုက် မုဆိုးက ရိုးရာသီချင်းကို လက်တန်းသီဆိုကြသည်။ ကပြသည့် အဖွဲ့ထဲမှ ဝါဿနာပါသူများလည်း ဝင်ရောက်သီဆိုနိုင်သည်။ အိမ်ရှေ့ ၊ ခြံရှေ့ စသည်တို့၌ ကပြသည့်အခါ အိမ်ရှင် ၊ ခြံရှင်များ ကျေးဇူးတင်ရှိကြောင်း၊ စည်းစိမ်ဥစ္စာ တိုးပွားစေကြောင်း စသည့်ဆုတောင်းသီချင်းမျိူးကို စပ်ဆိုလေ့ရှိကြသည်။

" ကိန်နရာ ကိန်နရီ ဝတျစုံ "

        သျှမ်းကိန္နရာ ကမည့်သူဦးခေါင်းတွင် မကိုဋ်ပါသည့်ခေါင်းကို မျက်နှာစွပ်ထားရသည်။ တောင်ပံနှင့်အမြီးကို သုံးထပ်မှ ခုနှစ်ထပ်အထိ ပြုလုပ်ကြသည်။ ခုနစ်ထပ်ရှိလျှင် သုံးထပ်မှာ အသေပြုလုပ်ထားကြသည်။ ကျန်လေးထပ်ကိုမူ အရှင်ပြုလုပ်ထားရသည်။ ကိန္နရာအသေး(အငယ်)ဆိုလျှင် တောင်ပံနှင့်အမြီးနှစ်ထပ်သာရှိသည့် ဝတ်စုံကိုအသုံးပြုကြရသည်။ ကိန္နရာတောင်ပုံကို လက်မောင်းရင်းနှင့် လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားကြသည်။ နောက်ထိန်းကြိုးနှစ်ချောင်းကို လည်ပင်းမှာသိုင်းပြီး ခါးပတ်၌ချည်ထားကြ၏။ တောင်ပံနှင့်အမြီးကို လှလှပပလှုရှားစေရန်အတွက် နောက်ထိန်းကြိုးကို အသုံးပြုခြင်းဖြစ်သည်။တောင်ပံအရောင်ကို ဖဲအစိမ်းရောင်ဖြင့် အသုံးပြုကြသည်။အချို့က ပိတ်ပါးအစိမ်းရောင်ဖြင့် ပြုလုပ်ကြသည်။ " မြကြောစိမ်းစိမ်း ၊ မြရည်လိမ်း " ဆိုသည့်နှယ် သဘာဝကျသည့် စီစဉ်မှု တစ်ရပ်ဖြစ်ပေသည်။ 
       အင်္ကျီကို ရင်စေ့ချူပ်ထားပြီး ရင်ပတ်၌ ရွှေပြားများ ကပ်ထားလေ့ရှိသည်။ နတ်ဝတ်တန်ဆာကဲ့သို့ ပြုလုပ်ထားကြသည်။ ရွှေချည်ထိုး ဘောင်းဘီရှည်ခံပြီး ပုဆိုးတောင်ရှည်ကို ခါးတောင်းကြိုက်၍လည်း ဝတ်ဆင်ကြသည်။ ကိန္နရီမ၏တောင်ပံကို နှစ်ထပ်မှ သုံးထပ်အထိ ပြုလုပ်ကြသည်။ ပန်းကူမ် ခေါ် မကိုဋ်မှာ ကိန္နရာနှင့်မတူပဲ အမျိူးအစားကွဲပါးအောင်ပြုလုပ်လေ့ရှိကြသည်။ 

" ရှေးအခါက သျှမ်းကိန္နရာအက "

  ရှေးက ကိန္နရာအကများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည် ဆို၏။ ကြိုးပေါင်း ၆၀ ကျော်တပ်ပြီး မျက်နှာဖုံးလှလှ စွပ်ကာ သျှမ်းဘောင်းဘီနှင့် လက်ကြပ်အင်္ကျီပေါ်တွင် လယ်ဂျာ၊ ခါးပုံ၊ ခါးစည်း၊ လက်စည်းများဖြင့် အိုးစည်သံနှင့်လိုက်၍ ပျော့ပြောင်းသိမ်မွေ့ ညက်ညောစွာ ကပြလေ့ရှိကြသည်ဟု သိရသည်။ အမြီး အတောင်ကို ဖွင့်ချည်ပိတ်ချည် ပြုလုပ်၍ လက်ချောင်းလေးများတွင် ကြိုးတပ်ပြီး လက်လှုပ်ဟန်ကိုလိုက်၍ အတောင်များကို ကြွကြွရွ ဖြစ်စေခဲ့သည်ဆို၏။ ထိုအကကိုလည်း အလွန်ပျော့ပြောင်းသော အမျိူးသားများသာ ကြပြလေ့ရှိသည်။ ကိန္နရာတို့၏ ရိုးရာသဘာဝအတိုင်း ဆင်ယင်ကပြခြင်းဖြစ်၍ လွန်စွာကြည့်ကောင်းသည်ဟု ဆို၏။ နောက်ပြန်ခါးကော့၍ အတောင်းချည်းသည် လှုပ်ရှားကပြသည့် ယဉ်ကျေးမှုအနုပညာရပ်များအား ယခုအခါ မတွေ့မြက်ရတော့သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ၏။ ဤကား ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ်တင်ပြခြင်းဖြစ်သည်။

" ဆုမွန်တောင်းပြီးမှ ကပြ "

      အလှူအဒါန်းပွဲလမ်းသဘင်ရှိလျှင် အလှူရှင်အိမ်ရှင်များအား လာရောက်ကပြမည့် ကိန္နရာအဖွဲ့က ကြိုတင်အကြောင်းကြားထားရသည်။ အလှူရှင်အိမ်ရှင်များကလည်း ပန်းပေါက်ပေါက်နှင့် ငှက်ပျောသီးများပါဝင်သည့်  ကန်တော့ပွဲကို ပြင်ဆင်ပေးရသည်။ ထို့နောက် ကိန္နရာအဖွဲ့ခေါင်းဆောင်နှင့် အလှူရှင် အိမ်ရှင်တို့က အချီအချ ပြောဆိုကြရသည်။ အချီအချပြောဆိုရာ၌ ကာရံနဘေများဖြင့် အတိုင်အဖောက်ညီစွာ ပြောဆိုကြရသည်။ (ထိုပြောစကားများအား စာရေးသူ သျှမ်းဘာသာဖြင့်ဖော်ပြရန် အခက်အခဲရှိသဖြင့် ဖော်ပြရန်ချန်ခဲ့ခြင်းကို စာဖတ်သူအနေနှင့် ခွင့်လွတ်ပေးစေချင်ပါသည်။)

ဤသို့ အချီအချ ပြောဆိုပြီးနောက် အသင့်ပြင်ထားသည့် ကန်တော့ပွဲကို အဖွဲ့ခေါင်းဆောင်အားပေးအပ်ရသည်။ အဖွဲ့ခေါင်းဆောင်က အိမ်ရှင်(အလှူ့ရှင်)အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် ရွှေငွေရတနားများပေါးကြွယ်ဝစေရန် စည်းစိမ်ဥစ္စာများ တိုးပွားစေရန် ဆုမွန်ကောင်းတောင်းပေးရသည်။

" ကိန္နရာ ကိန္နရီ အဖွဲ့စည်းကမ်း"

      ကိန္နရာ ကိန္နရီအကကို ကပြမည့်သူသည် ကိန္နရာ ကိန္နရီဝတ်စုံကို ပထမဆုံးကန်တော့ရသည်။ ကန်တော့ပြီးမှ 

ဝတ်စုံကို ဝတ်ဆင်ရသည်။ ဝတ်စုံကို ဝတ်ပြီးလျှင် အိုးစည် ၊ မောင်း ၊ ဆိုင် နှင့် တီးသူတို့ကို ကန်တော့ပြီးမှကပြရသည်။ ကိန္နရာ ကိန္နရီ ဝတ်စုံကို ကျော်လွားခြင်းများ မပြုလုပ်ရချေ ။ ၎င်းအပြင် ကိန္နရာဝတ်စုံကို အမျိူးသမီးများ ဝတ်ကြည့် ၊ စွပ်ကြည့်ခြင်းများ မပြုလုပ်ရချေ။

" သျှမ်းကိန္နရာ ကိန္နရီ ကကြိုးကကွက် "

        သျှမ်းကိန္နရာ ကိန္နရီအကတွင် -

၁။ လိုင်းကကန်တော့ (ကန်တော့ပန်းဆင်အက)နှင့် ၂။ လိုင်းကလောဝ်အပုမ်(ဝတ္ထုပုံပြင် သရုပ်ဖော်အက)ဟူ၍နှစ်မျိူးရှိသည်။

      လိုင်းကကန်တော့(ကန်တော့ပန်းဆင်အက)ကို ဘာသာရေးနှင့် ပတ်သက်သည့် ပွဲလမ်းသဘင်များ၌သာ ကပြရသည်။ ကပြမည့်နေရာတွင်ရပ်၍ ကိန္နရာကိန္နရီ ဝတ်စုံအလှကို ပြသရသည်။ တောင်ပံနှင့်အမြီးတို့ကို လှပစွာဖြန့်ပြရသည်။ ထို့နောက် ကွင်းတစ်ပတ်လျှောက်ပြရသည်။ စ၍လျှောက်သည့် 

နေရာသို့ရောက်ရှိမှ ကိန္နရာ ကိန္နရီ အကကို ကပြရသည်။ လက်အုပ်နှစ်ဖက်ကိုချီ၍ ဦးခေါင်းကို ဟိုဒီငဲ့ကာ နွဲ့နှောင်းသော ဟန်အမူအရာဖြင့် ကန်တော့ပန်းဆင်ပြီးနောက် ကွင်းပတ်၍ ပြရသည်။ ကပြရာ၌ ပျော်ရွှင်ဝမ်းမြောက် မြူးကြွသည့် ဟန်အမူအရာဖြင့် ကပြရသည်။

       ကွင်းတစ်ပတ်ကပြ၍ မူလနေရာသို့ရောက်ရှိသောအခါ သိမ်မွေ့သော အမူရာဖြင့်ကပြရင်း ရှေ့သို့တက်ရသည်။ ကွင်းလယ်သို့ရောက်ရှိလျှင် ကိုယ်ကို ၊ နိမ့်လိုက်မြင့်လိုက် ပြုလုပ်ပြီး တဖြည်းဖြည်းအောက်သို့ နှိမ့်ချ ဝပ်တွားဟန်ဖြင့် ရှေ့တည့်တည့် (ရဟန်းတော် သို့မဟုတ် လူကြီးများစုဝေးနေထိုင်ရာ)သို့ ကန်တော့ပန်းဆင် ကပြကြရပါသည်။ ထို့နောက် ကိုယ်ကိုနှိမ့်ထားရာမှ တဖြည်းဖြည်းချင်းထပြီး သုံးကြိမ်ပြည့်အောင် ကန်တော့ပန်းဆင်ရသည်။ ယင်းသို့ သုံးကြိမ်တိုင်တိုင် ကန်တော့ပန်းဆင်ပြီးလျှင် အိုးစည် ၊ မောင်း ၊ ဆိုင် တီးသံတို့ကိုလိုက်ပြီး ပျော်ရွှင်မြူးကြွစွာ လှပစွာ ကခုန်ဖျော်ဖြေ တင်ဆက်ကြ၏။ ကိန္နရာ ကိန္နရီ၏ လှပနွဲ့နှောင်းသည့် ခန္ဓာကိုယ်နှင့်အတူ မြီးဖြားတောင်ပံတို့ကို ဖြန့်လိုက် ၊ စုလိုက် ၊ ခေါင်းကိုငဲ့လိုက် ၊ စောင်းလိုက်ဖြင့် 

ကပြနေသည့် ကိန္နရာ ကိန္နရီအကမှာ ပရိသတ်များမှင်တက်မိအောင် အသည့်သို့ထိမျှ စွဲငြိစေသော ရိုးရာအကပညာရပ်ဖြစ်သည်။

       လိုင်းကလောဝ်အပုမ် (ဝတ္ထုပုံပြင် သရုပ်ဖော်အက)ကိုမူ ဇတ်စင်များပေါ်တွင်ကပြလေ့ရှိသည်။ ထိုအကကို ကပြရာ၌ ကိန္နရာ ကိန္နရီမောင်နှံစုံ ပါဝင်ကြသည်။

အမျိူးသား(ကိန္နရာ)က မျက်နှာဖုံးတပ်ဆင်ပြီး အမျိူးသမီး(ကိန္နရီ)မှာ မျက်နှာဖုံးမတပ်ကြပါ။ ရှေးဦးစွာ ကိန္နရာဖိုက ကွင်းတစ်ပတ်လျှောက်ပြီး ကပြရာနောက်သို့ ကိန္နရီမက နောက်မှလိုက်ပြီး ကပြရသည်။ ကိန္နရာဖိုက ကိန္နရီမကို စိတ်မချသည့်ဟန်ဖြင့် ရပ်လိုက် ၊ သွားလိုက်၊ ကိန္နရီမ၏ မျက်နှာကိုတဝကြီးကြည့်လိုက်ဖြင့် ကွင့်တစ်ပတ်ပြည့်အောင် လှည့်၍ကပြရသည်။ ကွင်းလယ်သို့ ရောက်ရှိမှ ဝတ္ထုဇတ်လမ်းကို စ၍ကပြရသည်။

     ကိန္နရာဖိုက ကောင်းကင်သို့ မြားသုံးကြိမ်ပစ်လွတ်ဟန်၊ မြားကိုလိုက်ဖမ်းဟန်၊ မြားမှန်သဖြင် ထိခိုက်နာကျင်လဲကျဟန် စသည့်ဖြင့် ပြုလုပ်ရသည်။

ကိန္နရီမက ကိန္နရာကိုပတ်ပြီး ဝမ်းနည်းငိုကြွေးပူဆွေးသောက ဗျာပါဒမီးတောက်ကာ အပူလုံးကြွ၍ ယူကျူံးမရ ဖြစ်သည့်ဟန်ဖြင့် ကပြရသည်။ ထို့နောက်ကိန္နရီမက သစ္စာတိုင်တည်ပြီး နတ်သိကြားများထံ အကူအညီတောင်းရသည်။ သိကြားမင်းက လာရောက်၍ ကသပေးသည့်အလား ကိန္နရီမက ဆင်းလိုက် ၊ ပျံလိုက်၊ ရစ်ဝဲလိုက်ဖြင့် ကပြရသည်။ ကိန္နရာဖိုမှာ ဒဏ်ရာတဖြည်းဖြည်းသက်သာလာဟန်ဖြင့် လှုပ်ရှားပြီးထလာကာ ကိန္နရာ ကိန္နရီမောင်နှံတူစုံတွဲပြီး နွဲပျော်နေကြဟန် ပြန်လည်ကပြရသည်။ ပရိသတ်များမှာ သေအတူ ရှင်မကွဲ မခွဲမခွာ သစ္စာရှိကြသည့် ကိန္နရာ ကိန္နရီ

မောင်နှံကို ကြည့်ပြီး သဘောကျနှစ်ခြိုက်စွာ အားပေးကြသည်။
Date
Source Own work
Author GTSPACE

Licensing edit

I, the copyright holder of this work, hereby publish it under the following license:
w:en:Creative Commons
attribution share alike
This file is licensed under the Creative Commons Attribution-Share Alike 4.0 International license.
You are free:
  • to share – to copy, distribute and transmit the work
  • to remix – to adapt the work
Under the following conditions:
  • attribution – You must give appropriate credit, provide a link to the license, and indicate if changes were made. You may do so in any reasonable manner, but not in any way that suggests the licensor endorses you or your use.
  • share alike – If you remix, transform, or build upon the material, you must distribute your contributions under the same or compatible license as the original.


This file was uploaded via Mobile Android App (Commons mobile app) 4.2.1~14b6c455b.

File history

Click on a date/time to view the file as it appeared at that time.

Date/TimeThumbnailDimensionsUserComment
current07:58, 26 March 2024Thumbnail for version as of 07:58, 26 March 2024720 × 481 (167 KB)GTSPACE (talk | contribs)Uploaded using Commons Mobile App

The following page uses this file:

Metadata