Khin Maung Win1
Family Lifestyle တစ်ခုရဲ့ဘဝမှာ -
1. အိမ်ထောင်ဦးစီး Attacker
2. အိမ်ရှင်မ Defender
3. သား/သမီး Supporter ဆိုပြီး (3) မျိုးနှင့်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်တယ်။
ဘဝရဲ့အောင်မြင်မှု ကျဆုံးမှုတွေဟာလည်း တစ်ခုနှင့်တစ်ခုပတ်သက်ဆက်နွယ်မှုရှိတယ်။
အိမ်ထောင်ဦးစီး Attacker ကိုအဓိပ္ပါယ်ဖွင့်ဆိုရရင်-
ရှာဖွေသူ၊ တိုက်ခိုက်သူ၊ ဦးဆောင်သူ၊ အဓိကစီမံခန့်ခွဲသူ၊ လင်ဝတ်တရား( ၅ )ပါး စသော အချက်များပါဝင်ပြီး
အိမ်ရှင်မ Defender ကိုအဓိပ္ပါယ်ဖွင့်ဆိုရရင်-
ထိန်းသိမ်းသူ၊ အိမ်တွင်းစီမံခန့်ခွဲသူ၊ ဒိုင်းအကာအကွယ်၊ မယားဝတ်တရား( ၅ )ပါး စသော အချက်များပါဝင်ပြီး
သား/သမီး Supporter ကိုအဓိပ္ပါယ်ဖွင့်ဆိုရရင်-
အမိ/အဖတို့နေရာအား ဆက်ခံသူ၊ အမွေဆက်ခံသူ၊ လိုအပ်ချက်များကိုထောက်ပံပေးသူ၊ လိုအပ်သောပညာများသင်ယူဆဲ၊ သားသမီးဝတျ တရား( ၅ )ပါး စသောအချက်များပါဝင်ပါတယ်။
1. အိမ်ထောင်ဦးစီး Attacker
2. အိမ်ရှင်မ Defender
3. သား/သမီး Supporter
တို့ဟာ (A) အဆင့် ၁၀၀% မှ ၇၅% ၊ (B) အဆင့် ၇၅% မှ ၅၀%၊ (C) အဆင့် ၅၀% မှ ၂၅% နှင့် (D) အဆင့် ၂၅% မှ ၀% ဆိုပြီး အဆင့် (၄)ဆင့် ခွဲထက်သွားပါတယ်။ ခွဲထွက်မှုအဆင့်အလိုက်ဘဝ၏အောင်မြင်မှုနှုန်းထားများလည်းကွာချားနိုင်ပါတယ်။ အောင်မြင်မှုပန်းတိုင်နှင့်ဆက်နွယ်သောအခြားအချက် (၂)ခုကတော့ မျိုးရိုးဗီဇ Genetic နှင့် ပညာ Education တို့ရဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ မျိုးရိုးဗီဇ ပြောင်းလဲမှုဆိုင်ရာသဘောတရားအား အောက်ပါလင့်တွင်လေ့လာနိုင်ပါတယ်။
https://en.wikipedia.org/wiki/The_Kallikak_Family ဳ ဳဳဳKhin Maung Win